သတင်းများ

မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူ(၁၁၇၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံပေး
Sep 23,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး မုံရွာမြို့နယ်အတွင်းရှိ သတ်မှတ် ဦးစားပေး အုပ်စုအလိုက် အသက်(၅၅)နှစ်အထက် ပြည်သူ(၁၁၇၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)အဖြစ် ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ သတ်မှတ်နေရာ (၅)ခုတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။
တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အတွက်လိုက်နာဆောင်ရွက်ရမည့်အချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်
Sep 23,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမရှိစေ‌ရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများရရှိရေးကွင်းဆင်းဆောင်ရွက်ပေး
Sep 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က ဆင်ဖြူပြင် ရပ်ကွက်ရှိ ဘုန်းတော်ကြီး ကျောင်း၌ကွင်း ဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပ
Sep 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ Online မှတစ်ဆင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိ ပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ပြန် /ဆက်ဦးစီးဌာန ရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၆၂)ဦး ဆေးရုံ ဆင်းခွင့်ရ
Sep 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၌ စက်တင်ဘာ ၂၂ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၆၂၅)ဦး ရှိပြီး ရောဂါ သက်သာ ပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၅၆၂)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်
Sep 23,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွား မှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက် ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Sep 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ မဥ္ဇူသကခန်းမ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး များ ဆက်လက်လက်ထိုးနှံပေးလျက်ရှိသည်။
ဝါးခယ်မမြို့နယ်၌ ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Sep 23,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမြို့နယဦစီမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများမှ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်‌ပေးနိုင်ရေးအတွက် ကျုံစိန်‌ကျေးရွာ စာသင်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။