ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ အသက် ၅၅ နှစ်နှင့်အထက်ရှိသူများနှင့် ဦးစားပေး ထိုးနှံမည့်ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိ

တောင်ပြိုလက်ဝဲ      စက်တင်ဘာ   ၂၂

 

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ အသက် ၅၅ နှစ်နှင့်အထက်ရှိသူများနှင့်ဦးစားပေး အုပ်စုပြည် သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံရန်စုရပ်ဖြစ်သည့် တောင်ပြို လက်ဝဲမြို့ ပြည်သူ့ဆေးရုံ၌ စက်တင်ဘာလ၂၂ ရက် နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

 

ထိုသို့ထိုးနှံရာတွင် အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ နိုင်ငံ့ ဝန်ထမ်း များနှင့် မိသားစုဝင်များ၊ စျေးဆိုင်ရောင်းချသူများ၊ ပရဟိတ/ Volunteer များအား ဦး စားပေးထိုး နှံပေးခဲ့ကြသည်။

 

ရှေးဦးစွာ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်သူများအား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများက စာရင်းမှတ်တမ်းပြုစုတိုက်ဆိုင် စစ်ဆေးခြင်းများ ပြု လုပ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်ပူချိန်နှင့်သွေးပေါင်ချိန်တိုင်းတာခြင်းကိုဆောင် ရွက်ပြီးပုံမှန်အနေ အထား ရှိသူများကိုသာ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ကြသည်။ ဆေးထိုးနှံ ပြီးသူများအား မီးနစ် ၃၀ ခန့် အနားယူစေပြီး ထူးခြားမှုရှိ/မရှိ စောင့်ကြည့်ခဲ့သည်။

 

မီးသတ်ဦးစီးဌာနနှင့် ဝန်ထမ်းတစ်ချို့က ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာ ရောက်သူ များ၏ လိုအပ်ချက်များအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြသည်။ တောင်ပြို လက်ဝဲမြို့၊ ပြည်သူ့ဆေးရုံစုရပ်နေရာတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ လာ ရောက်ထိုး နှံသူ ၆၅ ဦးရှိပြီး တောင်ပြိုလက်ဝဲမြို့စုရပ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး  (Sinopharm) ထိုးနှံသူ စုစုပေါင်း ၂၀၉  ဦးရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။

         

မြို့နယ်(ပြန်/ဆက်)