‌‌ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အသက်(၅၅)နှစ်နဲ့အထက် ပြည်သူများကို ယမန်နေ့နံနက်(၉:၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ်နေရာများ ဖြစ်သည့် အမှတ်(၄)ရပ်ကွက်၊ လူထုဓမ္မာရုံ၊ အမှတ်(၆)ရပ်ကွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁၁)ရပ်ကွက် သာသနာ့ဟိတဓမ္မာရုံတို့၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးဖြစ်သည့် တရုတ်နိုင်ငံထုတ် Sinophram အမျိုးအစားကာကွယ်‌ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၅၅)နှစ်အထက် ပြည်သူများကို စုရပ်များအလိုက် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်‌ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များ‌ ပေါင်းစပ်‌ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းတွင် ရပ်ကွက်(၁၃)ခုရှိ အသက်(၅၅)နှစ်နဲ့အထက် ပြည်သူများကို အမှတ်(၁၀)ရပ်ကွက်ရှိ အ.မ.က(၁၁)၊ အမှတ်(၁၄)ရပ်ကွက်ရှိ မုနိဓမ္မာရုံ၊ အမှတ်(၁၁)ရပ်ကွက်ရှိ သာသနာ့ဟိတဓမ္မာရုံ၊ အမှတ်(၄)ရပ်ကွက်ရှိ လူထုဓမ္မာရုံနှင့် အမှတ်(၆)ရပ်ကွက်ရှိ ကျန်းမာရေးဦးစီးဌာန တို့တွင် စုရပ်(၅) နေရာခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခင်ဆွေနှင်း