မလှိုင်၊ ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးတို့ အတွက် ရဟန်းရှင်လူပြည်သူအပေါင်း လိုက်နာဆောင်ရွက်မည့်ကာကွယ်ရေး နည်းလမ်း များကို အများပြည်သူသိရှိနိုင်ရန် အသံချဲ့ဖြင့် လိုက်လံအသိပေး ကြေညာခြင်းကို ယမန်နေ့ညပိုင်းက မလှိုင်မြို့ ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အသိပေးကြေငြာချက်တွင် ကိုရိုနာဗိုင်းရပ်ရောဂါမိမိကစ၍ ကာကွယ်ပါ ဆောင်ပုဒ်အတိုင်း အိမ်အပြင် ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစီး Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံ ရပါက မျက်နှာအကာ Face Shield ကိုတွဲဖက်တပ်ဆင်အသုံးပြုရန် ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင် လုပ်ကိုင်ရန်၊ လူစုလူဝေးရှောင်ကျဉ်ရန် ၊ လက်ကိုစက္ကန့်(၂ဝ)ခန့် မကြာခဏဆေးပေးရန်၊ အလုံပိတ်ခန်းများ ၊အဲကွန်းခန်းများ၊ လေဝင် လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကျဉ်ရန် ၊ အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀) နှင့်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို ၊ သွေးတိုး၊ နှလုံးရောဂါ စသည့်နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစား သောက်ခြင်းတိုမှရှောင်ကျဉ်ရန်၊ အသွားအလာ တားမြစ် ပိတ်ပင်၍သီးသန့် ခွဲခြား နေထိုင်ခြင်း၊ Quarantine လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူပေါင်း ပါဝင်ရန် ၊ ပါးစပ်နှင့်နှာခေါင်းစီး တပ်ဆင်မထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ရန် ၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းသတိပေးရန် ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင်ပူး ပေါင်း ပါဝင်ရန်၊ ကာကွယ်ဆေးထိုးပြီး သော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာ ဆောင် ရွက်သွားရန် ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန် ချက်များ နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်သွားရန် ၊ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှု ကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံအရသာ ပျောက်ခြင်း ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ စောစီးစွာကုသမှုခံယူရန် ၊ စသည့် အချက်များ ပါဝင်သည်။
အဆိုပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူလူထုအနေဖြင့် မဖြစ်မနေလိုက်နာဆောင်ရွက်သွားရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် လိုက်လံ အသိပေးကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ဌေး( မလှိုင် )