ဝေါ ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဇူလိုင် ၃ ရက်နေ့တွင် အနံ့ ပျောက် ကိုဗစ်-၁၉ သံသယရှိသူ ၅ ဦး ရောက်ရှိလာ ၍ RDT(Test Kit) ဖြင့် စစ်ဆေးရာ ကိုဗစ်အတည်ပြု လူနာ (၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီး ဦးဖုန်းမင်းသူ၊ ဦးရှိုင်းပိုင်ခန့်နှင့် ဦးစောထူးတို့တွင် ကိုဗစ်-၁၉ တွေ့ရှိခဲ့ပြီး ဦးဖုန်းမင်းသူနှင့် ထိတွေ့ခဲ့သည် (Contact) ၈ ဦး၊ ဦးရှိုင်းပိုင်ခန့်နှင့် ထိတွေ့သည့် (Contact) ၇ ဦး၊ ဦးစောထူးနှင့်ထိတွေ့သူ (Contact) ၄ ဦး စုစုပေါင်း ၁၉ ဦးအား ဝေါမြို့ရွှေဘုန်းပွင် ဓမ္မရိပ်သာ Quarantine တွင် ထားရှိဆောင်ရွက်ခဲ့သည်။
၎င်းထိတွေ့သူ Contact ၁၉ ဦးအား ၂၀၂၁ ဇူလိုင် ၄ ရက်နေ့ ၁၁ နာရီ RDT(Test Kit) ဖြင့် စစ်ဆေးရာ ဦးစောထူးနှင့် ထိတွေ့ခဲ့သည့် Contact ၄ ဦးအနက် ဒေါ်မြမြဝင်း ၅၈ နှစ်၊ ဒေါ်သီတာ ၂၅ နှစ်နှင့် ဒေါ်ချောစုဝင်း ၁၈ နှစ်တို့ ၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါထပ်မံတွေ့ရှိပြီး စုစုပေါင်း ဝေါမြို့နယ်တွင် (၆) ဦး ရှိပြီဖြစ် ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အတည်ပြုလူနာများအား ဝေါမြို့နယ် ပြည်သူ့ဆေးရုံ (ဟောင်း)သီးသန့် ပို့ဆောင်ကုသပေး လျက်ရှိသည်။ အဆိုပါ အတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ်သူများအား ရွှေဘုန်းပွင့်ဓမ္မရိပ်သာ Quarantine ထားရှိကာ Swab နမူနာရယူ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း