လှိုင်းဘွဲ ဇူလိုင် ၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အနံ့မရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit စစ်ဆေး၍ ပိုးတွေ့လူနာ(၃)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
အဆိုပါ လူနာ(၃)ဦးမှာ ထီလုံကျေးရွာ၊ မြောက်ပိုင်းနေ (၂၃)နှစ်အရွယ် အမျိုးသမီး၊ ၎င်း၏ (၂)နှစ်အရွယ် သမီးနှင့် လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ (၅၇)နှစ်အရွယ် အမျိုးသမီးတို့သည် အနံမရသဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ ဒေါက်တာစောငြိမ်းထွန်းမှ Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကြောင်း သိရသည်။
အဆိုပါ Postive လူနာ(၃)ဦးသည် ပြည်ပခရီးသွားရာဇဝင်မရှိပဲ နေအိမ်တွင်သာ နေထိုင်ကြောင်း၊ ၎င်းတို့၏ အတူနေမိသားစုများအား Home Quarantine အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)