ပန်းခင်းစီမံချက်ဖြင့် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Jul 05,2021
မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၅)ရက်နေ့အထိ အိမ်ထောင်စုလူဦးရေစာရင်း(၁၄၅၉)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၃၇၂) ကတ်တို့ကို ပြုလုပ်ဆောင် ရွက်ပေးအပ်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှူးရုံး မှသိရသည်။