ဒိုက်ဦး၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ ၂၉ ဦး ထပ်မံတွေ့ရှိ

ဒိုက်ဦး ဇူလိုင် ၅
 
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ဇူလိုင်လ ၄ ရက်နေ့က Positive Contact (၄၇)ဦး၊ အနံ့မရသူ (၁၆)ဦးနှင့် PUI (၂) ဦး စုစုပေါင်း (၆၅ )ဦးအား စစ်ဆေးရာတွင် Positive Contact (၁၆)ဦးနှင့် အနံ့မရသူ၊ (၁၃)ဦး စုစုပေါင်း(၂၉)ဦးတွင် Positive တွေ့ရှိခဲ့သည်။
 
ဒိုက်ဦးမြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ Covid လူနာများ စတင်တွေ့ရှိ ခဲ့ပြီး ယနေ့အထိ ၁၃၂ ဦး တွေ့ရှိနေပြီဖြစ်သည်။ ဒိုက်ဦးမြို့တွင် တွေ့ရှိသည့် Positive လူနာများအား (အထက-ဖအောင်ဝဲ) စာသင်ကျောင်း၊ ဒိုက်ဦး ပြည့်သူ့ ဆေးရုံ၊ ဖောင်တော်သီတိုက်နယ် ဆေးရုံသို့လည်းကောင်း ထားရှိပြီးဖြစ်ပါ ကြောင်းနှင့် ၎င်းတို့နှင့် ဆက်စပ်ထိတွေ့သူများအား ဆက်လက်စုံစမ်း စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။