သတင်းများ

မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့်ဆက်စပ်သူ (၁၅) ဦးအား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် RDT Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၅၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၅၂)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၅)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၇) နှစ် အရွယ်အမျိုးသမီးနှစ်ဦး၊ အသက် (၆၃) နှစ် အရွယ် အမျိုးသမီး တစ်ဦး၊ အသက် (၆၇) နှစ် အရွယ်အမျိုးသားတစ်ဦး၊ အသက် (၂၇)နှစ် အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း(၁၀)ဦးတွင် Covid-19 Positive တွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ထားရှိ၍ ကုသပေးလျက် ရှိကြောင်းသိရသည်။
ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့အထ ဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေး၊ မြို့လယ် လူစည်ကားရာ လမ်းဆုံနှင့်မြို့အဝင်ဂိတ်တို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပွားစေရေးရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများ​​​​​​​ဖြန့်ဝေခြင်းကို ဘုရင့်နောင်ရုပ်ထုအနီး၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်ချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိစစ်ဆေး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင် ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စည်ပင်သာယာရေးကော်တီမှ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ(၄)ဦး ထပ်မံတွေ့ရှိ
Jul 05,2021
နွားထိုးကြီးမြို့နယ်၊ လျော်ဖြူ(မ)ကျေးရွာနေအမျိုးသားတစ်ဦးသည် နေမကောင်း သဖြင့် နွားထိုးကြီးမြို့ ၊ပြည်သူ့ဆေးရုံတွင်(RDT ) ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံ အထူးကုသ ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနှင့်ထိတွေ့ ဆက်စပ်ခဲ့သူ(၈) ဦး၎င်းတို့နေအိမ်တွင် H.Q ထားရှိခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်
Jul 05,2021
မွန်ပြည်နယ်  မော်လမြိုင်ခရိုင်     မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအတွက် ယနေ့နံနက် ၁၀ နာရီက  မုဒုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။