ပန်းတောင်းမြို့နယ် ကြခတ်ရပ်ကွက် ကိုဗစ်-၁၉ရောဂါကူစက်ခံရသူများကို အစား အသောက်များ လှူဒါန်း

 

ပန်းတောင်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ကြခတ်ရပ်ကွက်(၂)လမ်း၊ တိုးချဲ့ကွက်သစ် (၂) လမ်းတွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများကို အစားအသောက်းများ လှူဒါန်း၍ ယမန်နေ့ နံက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြခတ်ရပ်ကွက်(၂)လမ်း၊ တိုးချဲ့ကွက်သစ်(၂) လမ်းတွင် ဖြစ်ပွားခဲ့သည့် ခရီးသွားကူး စက်မှု ကိုဗစ်-၁၉ ရောဂါ ထိတွေ့ခဲ့သော အိမ်ထောင်စုနှစ်စုအား အသွားအလာ ကန့်သတ်သည့် ကာလတွင် မိသားစု စားရေး ၊ သောက်ရေး အစဉ်ပြေစေရန်အတွက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သူရနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးအဖွဲ့သည် သွားရောက်၍ အားပေးနှစ်သိမ့်မှုများ ပြောကြားခဲ့ပြီး ဆန်၊ ဆီ ဆား/ကြက်သွန်/အာလူး/ကြက်ဥ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

၎င်းနောက် ပတ်ဝန်ကျင်အန္တရာယ် ကင်းစင်မှုရှိစေရန် ရပ်ကွက်အုပ်ချုပ်ရေးမှုနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ရောဂါဖြစ်ပွားခဲ့သည့် နေအိမ်အား ပိုးသတ်ဆေး ပက်ဖျန်း ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။