မုဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲပြုလုပ်

 

မုဒုံ      ဇူလိုင်   

 

မွန်ပြည်နယ်  မော်လမြိုင်ခရိုင်     မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ   ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များအတွက် ယနေ့နံနက် ၁၀ နာရီက  မုဒုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ဆွေးနွေးပွဲသို့   မုဒုံမြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၊ မြို့နယ်အတွင်းရှိ ဟိုတည်၊မိုတည်၊စက်ရုံ၊အလုပ်ရုံလုပ်ငန်းရှင်များတက်ရောက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လုပ်ငန်းရှင်များအား  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်     ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့်  မြို့နယ်အတွင်း  ဆောင်ရွက်လျက်ရှိသည့်   လုပ်ငန်းများကို   ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်က မြို့နယ်အတွင်း ရောဂါပိုး တွေ့လူနာအခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ ရှိနေအိမ်  တွင်နေထိုင်ရေး (Stay At Home)  အစီအစဉ်တွင်  ပါဝင်ခြင်းမရှိသော   မြို့နယ်များ     လိုက်နာရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး  ဗဟိုကော်မတီမှ    အချက်(၁၄)ချက်ပါရှိသည့်    လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို   ထုတ်ပြန်ပြီး  ကျယ်ကျယ်ပြန့်ပြန့်   ဆောင်ရွက်နိုင်ရန်   ရှင်းလင်း ဆွေးနွေးခဲ့သည်။ ယင်းနောက်တက်ရောက်သူများမှ  မိမိတို့လိုက်နာဆောင်ရွက်ရမည့်  လုပ်ငန်းများ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ သည်။

 

ထို့နောက်သက်ဆိုင်ရာ ဌာနအလိုက်တာဝန်ရှိသူများက  ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးကိစ္စနှင့် စပ်လျဉ်း၍  ရှေ့ဆက်ဆောင်ရွက်သင့်သည့်  လုပ်ငန်းများ၊ ပြည်သူများအနေဖြင့်လည်း အထူးဂရုပြု အလေးထားနိုင်ရေး၊ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အစရှိသည်တို့ကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

 

အောင်မျိုးသူ