သနပ်ပင် ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင် ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် စည်ပင်သာယာရေးကော်တီမှ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ပူပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့ပေါ်၊ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသောဆိုင်များ အဝင်ဝတွင် လက်ဆေး ဘေးစင်များထားရှိရန်၊ လက်သန့်ဆေးရေးဗူး၊ ထိုင်ခုံများကို (၆)ပေကွာတွင် ထားရန်၊ ဆိုင်ဝန်ထမ်းများသည်နှားခေါင်းစည်း (Mask) သို့မဟုတ် Face shield များ အမြဲတပ် ဆင်ထားရန်၊ စားသုံးသူများ ဆိုင်အတွင်းသို့ ဝင်လာပါက လက်သန့်ဆေးရေး အသုံးပြုပြီးမှ ဆိုင်အတွင်း ဝင်လာခွင့်ပြုရန် စသည့် စည်းကမ်းချက်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်း ချက်များကိုလည် စနစ်တကျ လိုက်နာပြီး ရောင်းချသွားရန် ဆိုင်ပိုင်ရှင်များကို သတိပေး ပြောကြားခဲ့သည်။ ယခုလို စစ်ဆေး ဆောင်ရွက်ရခြင်းသည် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်းလျော့ ကျစေပြီး လူစုလူဝေးမဖြစ်ပေါ်ရေးအတွက် စစ်ဆေးဆောင်ရွက် ရခြင်းဖြစ်ကြောင်း သိရှိသည်။
လှမိုး