တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေ

တောင်ငူ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ

ပြန့်ပွားမှု မဖြစ်ပွားစေရေးရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများ

ဖြန့်ဝေခြင်းကို ဘုရင့်နောင်ရုပ်ထုအနီး၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြို့အတွင်း လမ်းသွားလမ်းလာကြသူများအား နှာခေါင်းစည်းတပ်​ဆင်ခြင်းမရှိလျှင် နှာခေါင်းစည်း(Mask) တစ်ခုလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူတပ်ဆင်သည့် စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ရောဂါကာကွယ်ရေး ​အသိပညာပေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်မှုများကို အပတ်စဉ် ရက်သတ္တပတ်များ၌ တနင်္လာ​နေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။