မိုးမိတ် ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့်ဆက်စပ်သူ (၁၅) ဦးအား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် RDT Test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၅၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၅၂)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၂၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၅)နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၁၇) နှစ် အရွယ်အမျိုးသမီးနှစ်ဦး၊ အသက် (၆၃) နှစ် အရွယ် အမျိုးသမီး တစ်ဦး၊ အသက် (၆၇) နှစ် အရွယ်အမျိုးသားတစ်ဦး၊ အသက် (၂၇)နှစ် အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း(၁၀)ဦးတွင် Covid-19 Positive တွေ့ရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌ထားရှိ၍ ကုသပေးလျက် ရှိကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင် ဇွန်လ ၂၂ ရက်နေ့မှ ယနေ့နေ့လည်( ၁)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၃၇) ဦးရှိပြီး၊ (၁၁) ဦးမှာရောဂါကင်းစင်းပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ ပိုးတွေ့ လူနာ (၂၆) ဦးသာ ကျန်ရှိကြောင်းနှင့် သေဆုံးသည့်သူမရှိသေးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီမှ သိရသည်။
စည်သူဌေး