လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ်ထိုးနှံ

လဟယ် ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် တတိယအသုတ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသား (၁၄၂) ဦး၊ အမျိုးသမီး (၇၃) ဦး စုစုပေါင်း (၂၁၅) ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ယနေ့အကြိမ်အထိ ပထမအသုတ် (၁၅၅၃) ဦး၊ ဒုတိယအသုတ် (၁၀၅) ဦး၊ တတိယအသုတ် (၂၁၅) ဦး စုစုပေါင်း (၁၈၇၃) ဦးတို့ကို ထှိးနှံပေးခဲ့ကြောင်း မြို့နယ် ကျန်းမာရေးဌာနမှ သိရှိရပါသည်။

ပါမင်းလိုင် (လဟယ်)