နွားထိုးကြီးမြို့တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ(၄)ဦး ထပ်မံတွေ့ရှိ

နွားထိုးကြီး ၊ ဇူလိုင် ၅
 
နွားထိုးကြီးမြို့နယ်၊ လျော်ဖြူ(မ)ကျေးရွာနေအမျိုးသားတစ်ဦးသည် နေမကောင်း သဖြင့် နွားထိုးကြီးမြို့ ၊ပြည်သူ့ဆေးရုံတွင်(RDT ) ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံ အထူးကုသ ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းနှင့်ထိတွေ့ ဆက်စပ်ခဲ့သူ(၈) ဦး၎င်းတို့နေအိမ်တွင် H.Q ထားရှိခဲ့ကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်၊မိုးကန်ကျေးရွာအုပ်စု၊ကန်ရွာကျေးရွနေ အမျိုးသမီးတစ်ဦးသည် ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့သဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့်We Love Natogyi အဖွဲ့ တို့မှ သွားရောက် ၍၎င်း၏ Dead Body အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးရန် Swab များရယူ ၍ စစ်ဆေးမှုအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသဖြင့် ၎င်းနှင့် ဆက်စပ်ခဲ့သူများကို H.Q ထားရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် ပထမအကြိမ် (RDT) ဖြင်စစ်ဆေးခဲ့ရာကန်ရွောကျေးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ အထူးကုသ ဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့ ဆက်စပ်သူမရှိကြောင်းသိရသည်။ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ(၄၄)ဦးရှိကြောင်းသိရသည်။
သန်းအောင်ဇော်