ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချောက် ဇူလိုင် ၅

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ​ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့  နံနက် ၈နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌချောက်မြို့ နယ် မြို့အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် မိမိဌာန လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ် ကြောင်း၊  မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်ကို အကြောင်း အမျိုးမျိုးကြောင့် ပြည်ပမှ ပြန်လာသူများနှင့် (Stay at Home) သတ်မှတ်ထားသော နယ်မြေများမှပြန်လာသူများနှင့် ရပ်ကွက်အတွင်းကိုဗစ်-19​ရောဂါလက္ခဏာများ ဖြစ်သည့် ကိုယ်လက်မအီမသာဖြစ်ခြင်း၊​ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းလျှောခြင်း၊​ ခေါင်းကိုက်ခြင်း၊ အနံ့ပျောက်ခြင်း၊ အသက်ရှုကြပ်သူများရှိပါက အမြန်ဆုံး နီးစပ်ရာကျန်းမာ​ရေးဌာနမိမိ တို့၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ကြိုတင်အကြောင်းကြားရန်၊ ဈေးဆိုင်များကို ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန်၊ လက်သန့်ဆေးရေထားရှိရန် ၊နှာ​ခေါင်းစည်း တပ်ရန်၊  နေအိမ်အပြင်ထွက်တိုင်းနှာ​ခေါင်းစည်း တပ်ရန်၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် တွင်းလှည့်၍ နှိုးဆော်ရန်နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းဝေးသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ချောက်မြို့နယ် မြို့အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့်မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး တင်ထွန်းဦး ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုကူညီ​ရေး အသင်းအဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး