ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း

ပျော်ဘွယ် ဇူလိုင် ၅
 
ပျော်ဘွယ်မြို့နယ်တွင် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် တောင်သူများ အနေဖြင့် စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
မိုးကြိုချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် ညောင်ရွှေကျေးရွာနေ တောင်သူဦးစိုးမြင့် က “ကျွန်တော် စိုက်ပျိုး ထားတဲ့ မျိုးကတော့ ရေဆင်း-၁ မျိုးဖြစ်ပြီး တစ်ဧကစိုက်ပျိုးထားပါတယ်၊ လိုအပ်တဲ့ အချိန်တိုင်း မြေဩဇာ ကျွေးခြင်း၊ ရေလောင်းခြင်းတွေကို ပြုလုပ်ပေးရပါတယ်၊ ပြုစုမှုအားကောင်းရင် တစ်ဧကမှာ ဝါပိဿာချိန် (၁၀၀၀)ခန့်အထိ ထွက်ရှိပါတယ်၊ လေးလသား ကျော်ခန့်မှာ စတင်ဆွတ် ခူးနိုင်ပါ ပြီ”ဟုရှင်းပြသည်။
ယနေ့အချိန်တွင် ဝါတစ်ပိဿာလျှင်(၁၅၀၀)ကျပ်ခန့်ဖြင့် ဝယ်ယူမှုရှိသော်လည်း မိုးကြိုချည်မျှင်ရှည်ဝါ ထွက်ရှိ ချိန်တွင် ဈေးနှုန်းကောင်းမွန်းရေးကိုမျှော်လင့် လျက်ရှိကြောင်းနှင့် မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်းသိရသည်။
 
မင်းမင်းထွေး(ပျော်ဘွယ်)