ကျောင်းကုန်း ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာန အမှတ် (၉) စက်မှု လယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁၂ နာရီတွင် အချိန်ခန့်က ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာကျောင်းကုန်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ အနေဖြင့် လယ်ယာကဏ္ဍတွင် စက်ကိရိယာများ ပိုမိုသုံးစွဲလာစေရန် လက်တွန်း ထွန်စက်၊ ထွန်စက် ကြီး၊ ကောက်စိုက်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်များ ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်ရာတွင် စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊စက်ကိရိယာများ စနစ်တကျ ကြံ့ခိုင်မှု ဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ကြပြီး၊သင်တန်းကို (၁၂)ရက်ကြာ ပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ သင်ကြားပေး မည်ဖြစ်ကြောင်း၊ ယခုတက်ရောက်သင်ကြားသော သင်တန်းသားများ
ဟာ မိမိတို့ကျေးရွာများရှိ တောင်သူများအား တဆင့်ပြန်လည်သင်ကြားပေး ခြင်းဖြင့် စက်ကိရိယာများ ပျက်စီးမှုနည်းခြင်း၊ ရာသီချိန်တွင်စက်စွမ်းအားပြည့် ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ကပြောသည်။
ဝင်းကြိုင်