သတင်းများ

မြစိမ်းရောင်စီမံကိန်းကျေးရွာ အတိုးငွေဖြင့် နွေမိုးဆောင်းအသုံးပြုနိုင်သည့် ကျေးရွာတွင်းလမ်းပြီးစီး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် ခဲ့သည့် အင်ပင်သာကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ ရရှိလာသော အတိုးငွေနှင့် ဆောင်ရွက်ခဲ့သော ကျေးရွာအတွင်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ခေတ္တမြို့နယ် ဦးစီးမှူးဦးဆန်းထွေးအောင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာများအား ဆေးဝါးကုသပေး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ စစ်ဆေး တွေ့ရှိသည့် အတည်ပြုလူနာ (၃၀၁) ဦးရှိလာပြီဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာများကို ရောဂါအခံ ရှိသော လူနာများအား ပဲခူးမြို့အထွေထွေ ပြည်သူ့ဆေးရုံကြီးတွင် ကုသစေပြီး ရောဂါအခံ မရှိသူများကို သက်ဆိုင်ရာ Quarantine Center များတွင် ကုသကြောင်း သိရသည်။
ပေါက်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မဖြစ်ပွားနိုင်စေရန် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်
Jul 05,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မဖြစ်ပွားနိုင်စေရန် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် အမြန်ရေယာဉ် ဂိတ်များနှင့် မြို့ဝင်ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ် ဆောင်ရွက်သည်။
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၃၁)ဦး ရှိလာ
Jul 05,2021
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် လိပ်သိုမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ယမန်နေ့ထိ (၁၃၁)ဦး ရှိပြီဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ
Jul 05,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့နံနက်၁၀နာရီက မြို့သစ်ရပ်ကွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များ အသိပေးနှိုးဆော်
Jul 05,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများအကြား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaing ပြုလုပ်
Jul 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး Mask Campaing ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဝန်ထမ်းရပ်ကွက်၊ ကျောက်တိုင်ကွေ့လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာများအား ဆေးဝါးကုသပေး
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ စစ်ဆေး တွေ့ရှိသည့် အတည်ပြုလူနာ (၃၀၁) ဦးရှိလာပြီဖြစ်ကြောင်းနှင့် ပိုးတွေ့ လူနာများကို ရောဂါအခံ ရှိသော လူနာများအား ပဲခူးမြို့အထွေထွေ ပြည်သူ့ဆေးရုံကြီးတွင် ကုသစေပြီး ရောဂါအခံ မရှိသူများကို သက်ဆိုင်ရာ Quarantine Center များတွင် ကုသကြောင်း သိရသည်။