ကျိုက်မရောမြို့နယ်၌ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျိုက်မရော ဇူလိုင် ၅

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးက ဦးစီး၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် အပူဒဏ် ကာကွယ်ရေး အတွက် ဒေသခံပြည်သူများ၊မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာမိုးရာသီ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈နာရီက ကျိုက်မရောမြို့နယ် မော်လမြိုင် ထင်းကြိုးဝိုင်းအကွက် အမှတ်(၈) အတွင်း၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးသူက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များကိုရှင်းလင်းရာတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြည်ရေး၊ ရာသီဥတု အပူဒဏ်ခံနိုင်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိစေရန်ရည်ရွယ်၍ စိုက်ပျိူးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နာက် မြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူစုစုပေါင်း အင်အား (၄၃)ဦးတို့က အမြင့် ၂ပေအထက်ရှိသည့် ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ(၁၅၀)၊ မန်ဂျန်ရှား
(၄၀၀) ပင်၊  စုစုပေါင်း ပျိုးပင် (၇၅၀)တို့ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ
ဦးအောင်မျိုးသူထံမှ သိရသည်။

 

ချိုမြတ်မြတ်ထွေး