ကွန်ဟိန်း ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ဒုတိယအကြိမ်ထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) ကွန်ဟိန်း ဆေးတပ်ဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးအား ဆေးမထိုးနှံးသေးသည့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး (၅၃)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)