သတင်းများ

မြဝတီမြို့၌ လမ်းတံတားကဏ္ဍ လုပ်ငန်း ၁၁ ခုအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေများပေးအပ်
Jul 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် Quarantine Center ထားရှိနိုင်ရေးကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် Quarantine Center ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်(၈)နာရီအချိန်က တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အဦ ဟောင်းတွင် ဆောင်ရွက်ထားရှိခဲ့သည်။
လွိုင်လင်မြို့၌ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ
Jul 07,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကော့က ရိတ်မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ ထားရှိရန်အဆောင်အား ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လိုအပ်ချက်အရ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများ ထားရှိကုသရန်အဆောင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် သီပေါမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဖျားနာကုသဆောင်အား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
နမ္မတူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူအသိပညာပေး ဆောင်ရွက်
Jul 07,2021
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 06,2021
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။