သတင်းများ

တောင်ကုတ် မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန် စည်ပင်မီးပွိုင့်လမ်းဆုံ၌ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်
Jul 07,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၌ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးကြိုတင် ကာကွယ်မှုအနေဖြင့် အပြင်ထွက် သည့်အခါတိုင်း နှာ ခေါင်းစည်း (Mask) များတပ်ဆင်အသုံးပြုသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ် ကာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ် လမ်းညွှန်ဆောင်ရွက်မှုဖြင့် အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများပူးပေါင်း အဖွဲ့ဖြင့် အသိပညာ ပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ က စည်ပင်ရုံး လမ်းဆုံမီးပွိုင့်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်မပြုစေရန်နှင့် ပါဆယ်စနစ်ဖြစ်သာရောင်းချရေး လိုက်လံ အသိပေးနှိုးဆော်
Jul 07,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက် ပြုလုပ် ရောင်းချသည့်ဆိုင်များအားလုံး (Take away)ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ထားသည့် (Quarantine Centre) သို့ တာဝန်ရှိသူ များကွင်းဆင်းကြည့်ရှု
Jul 07,2021
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ ထားရှိသည့် (Quarantine Centre) များသို့ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံဧကများအတွက် တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ
Jul 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက် မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင်းထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ ကျွဲ၊ နွားစာ များအနက် မိုးနှမ်း (၃၆၄၉.၅၀) ဧက အတွက် တောင်သူများအား တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၅)တွင် ပလတ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Jul 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ည (၉)နာရီအချိန်ခန့် က ပန်ဟိုက် (၅) ရပ်ကွက်ရှိ ပလတ်ခုံမှတစ်ဆင့် အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Jul 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ (၃)လလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်မှ ဒုတိယသုံးလပတ် အတွက် ထောက်ပံ့ပေးအပ်သည့် လူမှုပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြုလူနာ ( ၇၈ )ဦးရှိပြီဖြစ်
Jul 07,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ (၇၈) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ သိရသည်။