သတင်းများ

မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်တမ်း ၂ နှစ်ရှိ သစ်ပင်များအား မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ဝိုင်းကျေးရွာအုပ်စု မအူပင်- စက်မှုဇုံလမ်းမကြီး ဘေးတွင် ကျင်းပသည်။
မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား အိမ်သုံးဆိုလာနှင့် အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းနားကျင်းပ
Jul 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်း မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား အိမ်သုံးဆိုလာနှင့် အခြေခံပညာအထက်တန်းကျောင်း အထက မက်မန်း၌ ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန် က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပပြုပ်လုပ်ရာ အခမ်းနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က တက်ရောက်ချီးမြင့်အားပေးခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းအဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ၆ လ ဘတ်ဂျက် အတွက် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများ စိစစ်ခြင်းအခမ်းအနားကျင်းပ
Jul 07,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းအဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ၆ လ ဘတ်ဂျက် (အောက်တိုဘာလမှ မတ်လအထိ) အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂၂) ဦး ထပ်မံတွေ့ရှိ
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ ညနေပိုင်းက အနံ့ပျောက်နေသူ(၃၁)ဦး စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့ကိုဗစ်ကော်မတီထံမှ သိရသည်။ အဆိုပါ အတည်ပြု လူနာများမှာ ငွေဆောင်မြို့၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁၄)ဦး၊ အမှတ် (၃)ရပ်ကွက်နေ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပွဲကျင်းပ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့် က အမှတ်(၃၀)ရပ်ကွက် မြသီရိလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များကို ကြည့်ရှုစစ်ဆေး
Jul 07,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ယနေ့ နံနက် ၈နာရီခွဲအချိန်က ညောင်ဦးမြို့နယ်အတွင်းဝင်ရောက်လာ သည့် ခရီးသည်တင်မော်တော်ကားများ၊ ကုန်တင်မော်တော်ယာဉ်ကြီးများနှင့် မိသားစုစီးကားများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေသည့် စစ်ဆေးရေး ဂိတ်များသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ငဖဲမြို့ပေါ်ရပ်ကွက်များတွင် နှာခေါင်းစည်း(mask)တပ်ဆင်သွားလာခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်
Jul 07,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြည်သူများ အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်၍ သွားလာသည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)တပ်ဆင်သွားလာခြင်းမရှိသူများအား အရေးယူဆောင်ရွက်မှုကို ယနေ့နံနက် ၆နာရီက ငဖဲမြို့မ စည်ပင်သာယာဈေး နှင့် ကျောင်းတွင်းရပ်ကွက်လမ်းဆုံတို့တွင်ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် Mask Campaign နှင့် ကိုဗစ်-၁၉​ ရောဂါ ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်​ဆောင်ရွက်
Jul 07,2021
ကိုဗစ်-၁၉​ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများကို ရန်ကုန်တိုင်း​ဒေသကြီး၊​ မြောက်ပိုင်း ခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်အမှတ်(၃) အ-ထ-က ​ကျောင်းတွင် ယ​မန်နေ့ နံနက်(၉)နာရီက​ Mask Campaign ပြုလုပ်ခဲ့သည်။