နမ္မတူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူအသိပညာပေး ဆောင်ရွက်

နမ္မတူ ဇူလိုင် ၆

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ အသိပညာပေး ဆော်ဩဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက နမ္မတူမြို့နယ် အတွင်းရှိ မိဘပြည်သူများအနေဖြင့် Stay at Home (၁၀)ရက် သတ်မှတ်ခြင်းခံရပါက ရောဂါကူးစက်ပြန့်နှံ့မှု မရှိစေရေး တာဝန်သိစိတ်ဖြင့် အပြင်လုံးဝ မထွက်ဘဲ သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်၊ ရပ်ကွက်နေဒေသခံပြည်သူများမှ Stay at Home ပြည်သူများအား လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မိမိကိုယ်ကိုသံသယ လက္ခဏာ တစ်စုံတစ်ရာခံစားရပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြားရန်နှင့် စသည်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများအား အများပြည်သူအသိပညာပေး နမ္မတူမြို့နယ်အတွင်း၌ လှည့်လည် ဆော်ဩ ဆောင်ရွက်ခဲ့ကြသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၄)ဦးရှိပြီဖြစ်ပြီး (၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ၊ (၁)ဦးသေဆုံးခဲ့ပြီး (၁၀)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရှိရသည်။

လူမော်