မိုင်းနောင် ဇူလိုင် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် Quarantine Center ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်(၈)နာရီအချိန်က တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အဦ ဟောင်းတွင် ဆောင်ရွက်ထားရှိခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း နှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နမ့်ခုံးရှမ်းများပရဟိတအသင်းသားများက စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ Quarantine Center ထားရှိမည့်နေရာ ပတ်ဝန်းကျင် လေဝင်လေထွက်ကောင်းမွန်ရေးနှင့် ခြင်ခိုအောင်းမှုမရှိစေရေး၊ သုံးရေများအဆင်ပြေပြေ အသုံးပြုနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။
ဆက်လက်၍ စောင့်ကြည့်လူနာထားရှိမည့် အဆောင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီပြင်ဆင် ထားရှိကာ ကျန်းမာရေးအသိပညာပေး စာစောင်များ၊ ဆောင်ရန်/ ရှောင်ရန်များကို ပြသဆောင်ရွက်ပေးခဲ့သည်။
နန်းမီး(မိုင်းနောင်)