ကော့ကရိတ် ဇူလိုင် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကော့က ရိတ်မြို့ပေါ် ရပ်ကွက်(၇)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပေးကြေညာချက်တွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်အပြင်မထွက်ရန်နှင့် အိမ်အပြင်ထွက်ပါ က ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်အသုံးပြုရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံခံရပါက မျက်နှာအကာ (Face Shield)ကိုပါ Mask နှင့် တွဲဖက်တပ်ဆင်အသုံပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ရန်၊ လူစုလူ ဝေးရှောင်ရန်၊ လက်ကိုစက္ကန့် ၂၀ကြာ မကြာခဏဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေ ဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဥ်ရန်၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် နေအိမ်ရှိ အသက် (၆၀)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိ သည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဥ်ရန်၊ အသွား အလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဥ်များတွင် အပြည့်အဝ ပူးပေါင်းပါ ဝင်ရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း Mask မတပ်ဆင်ထားသော စျေးရောင်းသူများထံမှ စျေးမဝယ်ရန်၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်နှင့် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အင်အားကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့ပျောက်ခြင်းစသည့် လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ခြင်းဆက်သွယ်ရန် စသည်တို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း ဇွန် ၁၈ ရက်နေ့က ယမန်နေ့အထိ ၂ပတ်ကျော်အတွင်း ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့ အတည်ပြုလူနာ (၁၅၈)ဦးရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ (၁၆)ဦးရှိပြီး ပိုးတွေ့ သေဆုံးလူနာ (၂)ဦး ရှိကြောင်း မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စောအောင်မျိုးလွင်