စစ်တွေ ဇူလိုင် ၆
ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး မိမိတို့ကော်မတီအနေဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းတာဝန်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြန်လည်ဖွဲ့စည်းရမည့် ဆပ်ကော်မတီများနှင့်အဖွဲ့အစည်းများကိုလည်း စနစ်တကျပြန်လည်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်လာအောင် ဆက်လက်ဆောင်ရွက် သွားရ မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဆိုသည်မှာ စီးပွားရေးတစ်ခု တည်းမဟုတ်ပါကြောင်း၊ နိုင်ရေးလမ်းကြောင်းကိုပါ တစ်နည်းတစ်ဖုံ အထောက်အကူ ပြုသည့် Tension များ၊ Emotion များကို ဖြေလျော့နိုင်ရန် Tourism က အကျိုးပြု အထောက်အကူပြုမည် ဖြစ် သကဲ့သို့ မွန်းကြပ်နေသည့် ကာလတွင် Tourism ကို ပြန်လည်ရှင်သန်ရန် အလေးပေး ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ ကမ္ဘာကိုပြန်ကြည့်လျင် ကိုဗစ်-၁၉ ရောဂါ၏ ဆိုးကျိုးကြောင့် ခရီးသွား လုပ်ငန်းသည် ရပ်တန့်သွားသည်ဟု ဆိုရလောက်အောင် ထိခိုက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ မြန်နိုင်ငံ အနေဖြင့်လည်း ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားများဖြင့် ပြန်လည်စတင်ရန်ကြိုးစား ဆောင်ရွက်ခဲ့ရာတွင် သင်္ကြန်ကာလအတွင်းမာ ခရီးသွားဧည့်သည်များ အတော်အတန်များပြား ခဲ့သည်ကိုတွေ့ခဲ့ရပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာဆိုလျင် ခရီးသွားလုပ်ငန်း ပုံမှန်နီးပါး ပြန်လည် တိုးတက်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ပေါ်ပေါက်လာသည် ဆိုသော်လည်း မိုးကုန်၍ပွင့်လင်းရာသီရောက်လျင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် အဘက်ဘက်က ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်သကဲ့သို့ ကော်မတီအနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြဆင်ထားကြရန် တိုက်တွန်း လိုကြောင်းပြောကြား သည်။
ထို့နောက် ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၃) ဦးသန်းထွန်းက ခရီးသွားလုပ်ငန်းဆိုသည်မှာ တိုင်းပြည်နိုင်ငံများတွင် မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းဟု ဆိုကြပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ် ထိန်းချုပ်ရင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြစေ လိုကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က သက်ဆိုင်ရာဝန်ဆောင်မှု ကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ အမှာစာများကို ရှင်းလင်းတင်ပြပြီး တက်ရောလာကြသည့် ကော်မတီ အဖွဲ့ဝင်များက ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက် နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးချက်များအပေါ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း