မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ

မြဝတီ ဇူလိုင် ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင် ဘေးအန္တရာယ် စီမံခန့် ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေးလိုက်လံနှိုးဆော်မှုကို မြဝတီခရိုင်ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့် နှင့်ဝန်ထမ်းများ၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြဝတီမြို့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ယမန်နေ့အထိ ၂၈၅ ဦးထိ ရှိလာပြီ ဖြစ်ပြီး သေဆုံးသူ ၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်