ငွေဆောင် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ ညနေပိုင်းက အနံ့ပျောက်နေသူ(၃၁)ဦး စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့ကိုဗစ်ကော်မတီထံမှ သိရသည်။ အဆိုပါ အတည်ပြု လူနာများမှာ ငွေဆောင်မြို့၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁၄)ဦး၊ အမှတ် (၃)ရပ်ကွက်နေ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး ၊သဇင်ကျေးရွာနေအမျိုးသား(၁)ဦး၊အမျိုးသမီး(၁)ဦးအတည်ပြုလူနာ စုစုပေါင်း(၂၂)ဦး ဖြစ်ပြီး ယင်းတို့အား ငွေဆောင်မြို့အဝင် ၂၇ မိုင်ရှိ ကားကြီးဝန်း၌ ဆေးကုသမှုခံယူလျက်ရှိသည်။
ငွေဆောင်မြို့တွင် ဇူလိုင်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူစုစုပေါင်း (၅၃)ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။
မူမူ( ငွေဆောင်)