မအူပင်၊ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ဝိုင်းကျေးရွာအုပ်စု မအူပင်- စက်မှုဇုံလမ်းမကြီး ဘေးတွင် ကျင်းပသည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ မြို့နယ်သစ်တော ဦးစီးဌာနဦးစီးမှူး ဦးရန်စိုးအောင်နှင့် ဝန်ထမ်းများကသက်တမ်း ၂နှစ်ရှိ မန်ဂျန်ရှား ၁၆၃ ပင်ပင်လယ်ကဗွီး ၅၀ပင် စိန်ပန်း ၂၀ ပင်၊ မဟော်ဂနီ၃၀ပင်မနိသြာ ၁၀၀ပင် စသည့်အရိပ်ရပင်များ စုစုပေါင်း အပင် (၃၆၃)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အောင်ခိုင်