ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များကို ကြည့်ရှုစစ်ဆေး

ညောင်ဦး ဇူလိုင် ၇
 
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သည် ယနေ့ နံနက် ၈နာရီခွဲအချိန်က ညောင်ဦးမြို့နယ်အတွင်းဝင်ရောက်လာ သည့် ခရီးသည်တင်မော်တော်ကားများ၊ ကုန်တင်မော်တော်ယာဉ်ကြီးများနှင့် မိသားစုစီးကားများအား ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေသည့် စစ်ဆေးရေး ဂိတ်များသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်နှစ်ခုဖွင့်လှစ်ထားရှိပြီး ပုဂံမြို့၊ စဉ့်ကူ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်နှင့် ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်နှစ်ခုဖွင့်လှစ်ထားရှိကြောင်း၊ စဉ့်ကူ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်အား မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ဘက်မှ ဝင်ရောက်လာမည့် မော်တော်ယာဉ်၊ ကုန်တင် ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်များမှာပါရှိသည့် ခရီးသွား ပြည်သူများ၊ ကုန်တင် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များအား ခရီးစဉ် မှတ်တမ်း ရေးသွင်းခြင်း၊ မော်တော်ယာဉ်နံပါတ်၊ လိပ်စာ၊ ဖုံးနံပါတ်မှတ်တမ်း ယူခြင်းများနှင့် ကိုယ်အ ပူချိန်တိုင်းတာခြင်း၊ လက်ဆေးဇလုံများတွင် လက်ဆေးစေခြင်းနှင့်နှာခေါင်းစည်းတပ်ဆင် ခြင်းမရှိပဲမြို့တွင်းသို့ မဖြတ်စေခြင်း စသည့်စစ်ဆေး နေခြင်းများ၊ ညောင်ဦးမြို့နယ် လက်ပံ ခြေပေါ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် မကွေးတိုင်းဒေသကြီး ၊ပခုက္ကူမြို့ဘက် နှင့် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ဘက်မှ ဝင်ရောက်လာသည့် မော်တော်ယာဉ်၊ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်မော်တော်ယာဉ်များ မှာပါရှိသည့် ခရီးသွားပြည်သူများ၊ ကုန်တင် ယာဉ်မောင်း/ယာဉ်နောက် လိုက်များအား ခရီးစဉ်မှတ်တမ်း ရေးသွင်းခြင်း၊ မော်တော်ယာဉ်နံပါတ်၊ လိပ်စာ၊ဖုံးနံပါတ်မှတ်တမ်းယူခြင်းများနှင့် ကိုယ် ပူချိန် တိုင်းတာခြင်း၊ လက်ဆေးဇလုံများတွင် လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိပဲမြို့တွင်းသို့မဖြတ်စေခြင်း စသည့် စစ်ဆေးနေခြင်းများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များက ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ကြိုတင်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် အထွက်ဂိတ်များထားရှိ ဆောင်ရွက်ထား ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၉ဦးရှိပြီး ဇူလိုင် ၆ရက် နေ့က ကိုဗစ်-၁၉ ရောဂါဖြင့်တစ်ဦးသေဆုံးကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ထံကသိရသည်။
ကိုထိန်၊KPD