ထားဝယ်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းအဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ၆ လ ဘတ်ဂျက် အတွက် ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများ စိစစ်ခြင်းအခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၇

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းအဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ၆ လ ဘတ်ဂျက် (အောက်တိုဘာလမှ မတ်လအထိ) အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်းများ စိစစ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေလင်းထက်က တနင်္သာရီ တိုင်းဒေသကြီး ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ/ ဦးစားပေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ အကြောင်း၊ ၂၀၂၁ ခု၊ အောက်တိုဘာလ မှ ၂၀၂၂ ခု မတ်လ အထိ (၆)လအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရာတွင် အခြေခံတွက်ချက်သည့် နှုန်းထားများအကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ရငွေ/သုံးငွေ လိုငွေအခြေအနေများ၊ လာမည့် ဘဏ္ဍာနှစ်များအတွက် ရငွေခန့်မှန်းချက်၊ တနင်္သာရီတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ တွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ အသုံးစရိတ် ရာခိုင်နှုန်း(စာရင်းချုပ်)စသည်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်သော ဌာနဆိုင်ရာတာဝန်ရှိသူများက ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ အခြေအနေနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်