မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား အိမ်သုံးဆိုလာနှင့် အခြေခံပညာ အထက်တန်းကျောင်းသို့ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းနားကျင်းပ

မက်မန်း ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်း မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာအား အိမ်သုံးဆိုလာနှင့် အခြေခံပညာအထက်တန်းကျောင်း အထက မက်မန်း၌ ကျောင်းသား/သူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားကို ယမန်နေ့နေ့လည် ၂ နာရီအချိန် က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခမ်းမ၌ ကျင်းပပြုပ်လုပ်ရာ အခမ်းနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က တက်ရောက်ချီးမြင့်အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အဖွင့်မှာစကားပြာကြားပြီး မက်မန်းမြို့နယ်အတွင်းရှိ ကောင်းလန်း၊ ဝမ်လုံနှင့် ပါလောင်းကျေးရွာ သုံးရွာတို့အား အိမ်သုံးဆိုလာ (၅၁)စုံကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်ဒါဇင် (၄၃၇)စုံကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ (၄၅)ဦး တက်ရောက်ကြပြီး ထောက်ပံ့ပေးအပ်မှုအတွက် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မက်မန်း