ဒဂုံမြောက် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့် က အမှတ်(၃၀)ရပ်ကွက် မြသီရိလမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲသို့ မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ NGO အသင်းအဖွဲ့ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ ကာ မြသီရိလမ်း ဘေးဝဲယာတို့တွင် ခရေပင် (၆၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။
မြင့်မြင့်ရီ