ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုး(၅)ဦး ထပ်မံတွေ့ရှိ
Jul 08,2021
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူ (၁၅)ဦးအား Antigen Diagnostic test kits(RDT)ဖြင့် စစ်ဆေးခဲ့ရာ၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူလူနာသစ်(၅)ဦးထပ်မံ တွေ့ရှိခဲ့ပြီး၊ ရောဂါပိုး မတွေ့ရှိခဲ့သည့် ကျန်(၁၀)ဦးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ (သီးခြားနေအိမ်)များနှင့် တယ်ပင်ဆိပ်ကျေး လက်ကျန်းမာရေးဌာနတို့တွင် Home Base Facility Quarantine အဖြစ် အသွားအလာကန့်သတ် စောင့်ကြည့် ထားကြောင်း သိရသည်။