ဖျာပုံ ဇူလိုင် ၈
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူ (၁၅)ဦးအား Antigen Diagnostic test kits(RDT)ဖြင့် စစ်ဆေးခဲ့ရာ၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူလူနာသစ်(၅)ဦးထပ်မံ တွေ့ရှိခဲ့ပြီး၊ ရောဂါပိုး မတွေ့ရှိခဲ့သည့် ကျန်(၁၀)ဦးအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ (သီးခြားနေအိမ်)များနှင့် တယ်ပင်ဆိပ်ကျေး လက်ကျန်းမာရေးဌာနတို့တွင် Home Base Facility Quarantine အဖြစ် အသွားအလာကန့်သတ် စောင့်ကြည့် ထားကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူလူနာသစ်(၅)ဦးမှာ၊ အမာမြို့ တယ်ပင်ဆိပ် ကျေးရွာအုပ်စု (တယ်ပင်ဆိပ်ကျေးလက် ကျန်းမာရေးဌာနမှ သားဖွားဆရာမ(၁)ဦး၊ ဖျာပုံမြို့နယ်၊ သမိန်ထော ကုန်းတန်း ကျေးရွာအုပ်စုမှ(၂)ဦး၊ ဖျာပုံမြို့အမှတ်(၁၄) ရပ်ကွက်မှ(၁)ဦး၊ ဒေးဒရဲမြို့နယ်မှ(၁)ဦး စုစုပေါင်း ပိုးတွေ့လူနာ(၅)ဦးတို့အား ဖျာပုံမြို့ အမှတ်(၁၂)ရပ်ကွက်ရှိ သီရိအဏ္ဏဝါခန်းမ၊ ယာယီဆေးရုံတွင် ဆေးကုသမှု ခံယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်