ပုလောမြို့နယ်တွင် သစ်ပင်လဲကျ၍ လေဘေးသင့်အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Jul 08,2021
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ တံမျှားရပ်ကွက်တွင် ဇူလိုင်လ (၇) ရက်နေ့က သစ်ပင်လဲ၍ လေဘေးသင့်ခဲ့သည့် တစ်စိတ်တပိုင်း ပျက်စီးအိမ်တစ်လုံးနှင့် ပြိုကျပျက်စီး သွားသည့် အိမ်တစ်လုံး စုစုပေါင်း အိမ်နှစ်လုံးထိခိုက်ခဲ့ရာ အဆိုပါအိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။