ညောင်ရွှေမြို့ပေါ်ရှိ စားသောက်ဆိုင်များ (Take Way) ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု
Jul 08,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ပေါ်ရှိ စားသောက်ဆိုင်များအား လတ်တလောကူးစက်ဖြစ်ပွား လျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့် ဆိုင်ထိုင်စားသောက်မှုစနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ကျန်းမာရေးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (Take Way) ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း သိရသည်။