ကွမ်းခြံကုန်း ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန် ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်ရေး အထောက်အကူပြု စေသည့် နှာခေါင်းစည်းပေးခြင်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဦးရဲတင့်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဈေးကော်မတီဝင်များက ဈေးရောင်းချသူများ ဈေး အတွင်းသွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်း Mask (၂၀၀၀) ပေးခဲ့ကြောင်း သတင်းရရှိသည်။