ကျိုက်မရော ၌ အခြေခံစက်ချုပ်ပညာသင်တန်းဆင်းပွဲကျင်းပ
Jul 08,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေ အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသောအသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက်၁၀နာရီကကြံတောကျေးရွာ ဓမ္မာရုံ၌ကျင်းပ ပြုလုပ်သည်။