ကွန်ဟိန်း ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်ထွန်းအောင် က လျှပ်စစ်အန္တရာယ်အကြောင်း သိကောင်းစရာများ၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးနေလင်းဦး က သစ်တောပြန်းတီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးသန့် က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများအား အသီးသီးဟောပြောခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲအား သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။