တံတားဦး ဇူလိုင် ၈
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသော “ လူငယ်များကို ပျိုးထောင်ပေးပါ “ စာအုပ်အား ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ဝန်ထမ်းများစာဖတ်သည့် အလေ့အကျင့်များ ရရှိရေးနှင့် စာပေများရေးသား နိုင်ရေးအတွက် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဦးရဲတင့် (ဓါတ်ပုံကျွမ်းကျင်-၂)က “ လူငယ်များကို ပျိုးထောင်ပေးပါ “ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်သန္တာထွန်း (စာကြည့်တိုက်လက်ထောက်-၃)က “ နောင်တရမှာ မကြောက်ပါနဲ့ “ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်ကျော်မိုး (ရုပ်သကျွမ်းကျင်-၃)က “ မိတ်ဆွေကောင်းနှင့် ခရီးသွားပါ “ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်သဇင်မိုး (အငယ်တန်းစာရေး)က “ သတိရတိုင်း ပျော်တယ် “ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးကြကြောင်းနှင့် မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆွေးနွေးသည့် ခေါင်းစဉ်များအပေါ် အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး)