နောင်ချို ဇူလိုင် ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိသူ (၃၆၉)ဦးထိရှိလာကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် Rapid Test ဖြင့် စစ်ဆေးလျက်ရှိရာ ယမန်နေ့တွင် လူဦးရေ(၅၃)ဦးကို စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၂၆)ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် (၁-၆-၂၀၂၁) ရက်နေ့မှ (၇-၇-၂၀၂၁) ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရ သူ(၃၆၉)ဦးထိရှိလာခဲ့ရာ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံတွင် (၂၃)ဦး၊ နောင်ချို ပြည်သူ့ဆေးရုံနှင့်မြနန်းတော်ဝင်ခန်းမ၌ (၁၄၂)ဦး စုစုပေါင်း (၁၆၅)ဦး ကို ကြပ်မတ်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများအား ကျန်းမာရေးစိစစ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၉၇)ဦး၊ ကိုဗစ် -၁၉ ရောဂါဖြင့် သေဆုံးသူ (၇)ဦး ၊ ဆေးရုံတက်ကုသနေသူ (၁၆၅)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
ထွေးငယ်