ပုလော ဇူလိုင် ၈
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ တံမျှားရပ်ကွက်တွင် ဇူလိုင်လ (၇) ရက်နေ့က သစ်ပင်လဲ၍ လေဘေးသင့်ခဲ့သည့် တစ်စိတ်တပိုင်း ပျက်စီးအိမ်တစ်လုံးနှင့် ပြိုကျပျက်စီး သွားသည့် အိမ်တစ်လုံး စုစုပေါင်း အိမ်နှစ်လုံးထိခိုက်ခဲ့ရာ အဆိုပါအိမ်ထောင်စုများအား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် လေဘေးသင့်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀/-) ကျပ်နှင့် ပြိုကျပျက်စီးအိမ်ခြေတစ်လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀/-) ကျပ်၊ ပြိုကျအိမ်ထောင်စုတစ်စု အတွက်(၄၆၀၃၆/) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ လူဦးရေ(၇)ဦး အတွက် (၇) ရက်စာဆန်ရိက္ခာဖိုး (၁၄၇၀၀/-) ကျပ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်