နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံပြည်သူများသို့ နှိုးဆော်မှုများ ပြုလုပ်
Jul 09,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (၈-၇-၂၀၂၁) ရက်နေ့မှ (၂၂-၇-၂၀၂၁) ရက်နေ့ထိ မြို့နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် မြို့အဝင် ကိုဗစ်(၁၉) ရောဂါ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း၍ မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာအသီးသီးသို့ သွားလာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ရပ်ကွက် ကျေးရွာ အုပ်စု အတွင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ပြီး ထောက်ခံချက်မပါလျှင် သတ်မှတ်နေရာတွင် Quarantine ဝင်ရောက်စေခြင်း (သို့မဟုတ်) ၎င်းဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လည်စေလွှတ်ခြင်းတို့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။