ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆) ဦးတွေ့ရှိ

ကျိုက်လတ်    ဇူလိုင်    ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ ညနေက ဆေးရုံသို့လာပြသည့် လူနာများအား RDT နှင့် PCR စစ်ဆေးမှုများမှ အတည် ပြုလူနာ(၆)ဦး ထပ်မံတွေ့ရှိကြောင်း၊ မြို့နယ်ကျန်းမာရေး စောင့်ရှောက်မှုကော်မတီမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၆)ဦးမှာ သမက်ပြေကျေးရွာအုပ်စု၊ ကဿပေါင်းကျေးရွာမှ  အမျိုးသမီး(၁)ဦး၊ အမှတ်(၅)ရပ်ကွက် ၁၁ × ၁၂ ကန်ကျောင်းလမ်းမှ အသက်(၆၀)အရွယ်၊ အမျိုးသား(၁)ဦး၊ ကျုံမငဲ့ကျေးရွာမှ အသက်(၃၆) နှစ်အရွယ် အမျိုးသား(၁)ဦး၊ ၁၆×၁၇ ရွှေဘုံသာ လမ်းမှ အသက်(၆၁) နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အထက်ဆင်ကူးကျေးရွာ မှ အသက်(၂၂) နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် ဆင်တာကျေးရွာအုပ်စု ၊ ဂုံးစုရွာမှ အသက်(၆၂)နှစ်အရွယ် အမျိုးသမီး (၁) ဦး တို့ဖြစ်ကြသည်။

ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် (၄-၇-၂၀၂၁) ရက်နေ့တွင် (၇) ဦး၊ (၆-၇-၂၀၂၁) ရက်နေ့တွင် (၂) ဦး၊ (၇-၇-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် (၄) ဦး၊ ညနေပိုင်းတွင်(၆)ဦး တွေ့ရှိခဲ့ပြီး ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၇)ဦးနှင့် မအူပင်ဆေးရုံတွင်(၁)ဦးရှိပြီး သေဆုံးသူ(၁)ဦး ရှိကြောင်း သိရသည်။

ရီရီမြင့်