ကျောက်ပန်းတောင်း မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် Quarantine Center တွင် RDT Test Kit ဖြင့် စစ်ဆေးရာ(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျောက်ပန်းတောင်း ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြပါရမီကိုယ်ပိုင် အထက်တန်းကျောင်း Quarantine Center တို့တွင် ဇူ မွန်းလွဲပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူ (၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်သဖြင့် လာရောက်စစ်ဆေးခံသူနှင့် မြပါရမီကိုယ်ပိုင် အထက်တန်းကျောင်း Quarantine Center တွင်  Quarantine ဝင်ရောက်နေသူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ၊ တမ္ပဝတီရပ်ကွက်မှ အသက်(၃၄)နှစ်အရွယ်ရှိ အမျိုးသား(၁)ဦး၊ အောင်မင်္ဂလာ ရပ်ကွက်မှ အသက်(၅၀)နှစ် အရွယ်ရှိ အမျိုးသမီး(၁)ဦး၊ သာယာအေးရပ်ကွက်မှ အမျိုးသား(၁)ဦးနှင့် တံခါးကြီးကျေးရွာမှ အမျိုးသား(၁)ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရပြီး၊ အဆိုပါပိုးတွေ့ လူနာများကို မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ လူနာ ကုသဆောင်တွင် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ Quarantine ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)