သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဖျားနာကု Fever Clinic ဆေးခန်း ဖွင့်လှစ်ကုသပေးလျက်ရှိ
Jul 11,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါပိုးပျံ့နှံ့မှုလျော့နည်းကျဆင်းစေရေးအတွက် ဖျားနာ၊ အနံ့ပျောက် လူနာများအား ကုသပေးနိုင်ရန် Fever Clinic ဆေးခန်းကို ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာန ဆေးကုသဆောင်အနီး၌ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) အထွေအထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။